ကွမ်းလုံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်ခက်ခဲမှုမရှိစေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်မောင်၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဆရာတော်သံဃာတော်(၁၃၄)ပါးအား ကွမ်းလုံမြို့အဝင်မုဒ်ဦးမှနေ၍ ဗဟိုသာသနာပြုကျောင်းတိုက်လမ်းဆုံအထိ စုပေါင်းလောင်းလှူခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ မြို့ပေါ်နှင့်ကျေးရွာအုပ်စုများတွင် ဘုန်းတော်ကြီးကျောင်း(၃၄)ကျောင်းရှိပြီး အဆိုပါဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသော ဆရာတော်သံဃာတော်များနှင့် ရှင်သာမဏေများအား ဆွမ်းဆန်အခက်အခဲမရှိစေရန် ရည်ရွယ်ကာ လစဉ်လပြည့်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)