မိုင်းဖြတ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှောလမွန်က အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း ကောက်ယူရခြင်း ရည်ရွယ်ချက်များ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ် နည်းလမ်းများ၊ တိုက်ဆိုင်စစ်ဆေးရမည့် အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းဖြင့် ရရှိမည့်အကျိုးရလဒ်များ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာ၌ အဆင်ပြေမှုရရှိစေရေးအတွက် ပြည်သူများလိုက်နာရမည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းက  လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်စေရန်၊ လူဦးရေစာရင်း မှန်ကန်စွာကောက်ယူရရှိစေရန်၊ မြေပြင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အီလက်ထရောနှစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Database ထည့်သွင်းထားသည့် e-ID လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကောက်ယူရခြင်းဖြစ်ကြောင်း စသည့် ရည်ရွယ်ချက်များနှင့် မြို့နယ်အိမ်ထောင်စု လူဦးရေစာရင်း (Working Grup)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်း စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့နှင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းနှင့် လူဦးရေစာရင်း မှန်ကန်မှုရရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းနှင့် လူဦးရေစာရင်းမှန်ကန်မှုရရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)