မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

မိုးနဲ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့မရဲစခန်းမှူးရုံးများသို့ ကွင်းဆင်း၍ စာအုပ်/စာစောင် အဟောင်းသိမ်းဆည်းခြင်းနှင့် အသစ်ပြန်လည်ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သက်များအနေဖြင့်လည်း လွယ်လင့်တကူငှားရမ်းဖတ်ရှုနိုင်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သူများအနေဖြင့်လည်း ငှားရမ်းရာတွင်အဆင်ပြေစေရန်၊ ဖုန်းအသုံးပြုမည့်အစား အားလက်သောအချိန်ကို စာပေဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များကို အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းအား ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အပါတ်စဉ်သောကြာနေ့တိုင်း ကွင်းဆင်းလဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)