မိုင်းတုံမြို့၌ အိမ်ထောင်စုလူဦး‌ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူ‌ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မိုင်းတုံ  ဇန်နဝါရီ     ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အိမ်ထောင်စုလူဦး‌ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူ‌ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါ        အိမ်ထောင်စုလူဦး‌ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူ‌ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အိမ်ထောင်စုလူဦး‌ ရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူ‌ရေးလုပ်ငန်းနှင့် ရည်ရွယ်ချက်၊ ပြင်ဆင်ထားရှိမှု၊ ကောက်ယူရမည့်နည်းစနစ်များ၊ တိုက်ဆိုင်စစ်ဆေးမှုများ၊ ကိုင်ဆောင်လက်မှတ်မလုပ်ရသေးသူများကို ကောက်ယူမည့်ပုံစံများ၊ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းတွေဆောင်ရွက်ချင်လျှင် မည့်သို့ဆောင်ရွက်ရမည့်အချက်များ၊ ပုံစံ၆၆/၆မှာမပါရှိပဲ အခြားမြို့နယ်က ထုတ်တဲ့ပုံစံရှိရင်မည့် သို့ဆောင်ရွက်ရမည့်အချက်များ စုစုပေါင်းအချက်(၁၄)ချက်ဖြင့် မေးမြန်းခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်အောင်ထွန်းက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရည်ရွယ်၍စာရင်းကောက်ယူခြင်းဖြစ်ကြောင်း၊ Database ထည့်သွင်းထားသည့် e-ID အိမ်ထောင်စုလူဦးရေစာရင်းများအား မဲစာရင်းပြုစုရာတွင် ချိတ်ဆက်အသုံးပြုနိုင် ရေးနှင့် မြေပြင်အနေအထားတူညီမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်းနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ‌ရေးအဖွဲ့ (Working Group) ဖွဲ့စည်းထားရှိမှုများ၊‌ မြေပြင်စာရင်း‌ကောက်ယူရေးလုပ်ငန်းဆိုင်ရာ အချက်များကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)