ခရမ်း ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ ယနေ့ နံနက်(၉)နာရီ က မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခန်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်လူရည်ချွန်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အားကစား၊ စာပေပြိုင်များတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ခရမ်းမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးနှင့် ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၉၀) ဦးနှင့် ဆုရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )