ညောင်ဦး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပျက် အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့ ပြာသိုလပြည့်နေ့ နံနက် ၇ နာရီအချိန်က လောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဦးဆောင်ကာ အရုဏ်ဆွမ်း၊ ငါးဖယ်ချက်၊ အစိမ်းကြော်၊ ချဉ်ပေါင်ရွက်မျှစ်ကြော်တို့ကို ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့ နံနက်တိုင်း အစဉ်လာမပျက် အရုဏ် ဆွမ်းလောင်းလှူခဲ့ရာ (၁၉) ကြိမ်မြောက် လောင်းလှူခဲ့ပြီဖြစ်ကြောင်း သံဃာအပါး(၈၀) တို့အား ပုံမှန်လောင်းလှူခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ