စာအုပ်စာပေကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန်နှင့် စာပေမှပေးသော အသိပညာများကို မျှဝေခံစားတတ်စေရန်အတွက် စာပေချစ်သူလူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်များ စာအုပ်စာပေကို ပိုမိုချစ်ခင် မြတ်နိုးတန်ဘိုးထားတတ်စေရန်နှင့် စာပေမှပေးသော အသိပညာဗဟုသုတများကို အချင်းချင်း မျှဝေခံစားတတ်စေရန်အတွက်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကို၊ ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် စာပေမှပေးသော ဗဟုသုတများကို တစ်ဦးနှင့်တစ်ဦးမျှဝေခြင်းဖြင့် စာပေ၏တန်ဘိုးကို ပိုမိုနားလည်သိရှိနိုင်ကြမှာ ဖြစ်ကြောင်း ဦးစွာ ပြောကြားပြီး၊ ကျောက်ပန်းတောင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း Grade-9 မှ ကျောင်းသူ မတိုးတိုးနွယ်က ခင်စောတင့်ရေးသားသည့် ဘဝအသစ်ရဲ့အစများ ဆောင်းပါးပေါင်းချုပ်မှ အမြင်တွေ ပြောင်းလဲကြပါစို့ ခေါင်းစဉ်ပါ ဆောင်းပါးအားဖတ်ကြားပြီး၊ ဆောင်းပါးပါ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးမြန်းဆွေးနွေး၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူ၊ အမှတ်(၁)အ.ထ.က မှ ကျောင်းသူလေးများ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)