မက်မန်း ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူဦးရေ အိမ်ထောင်စုစာရင်းအမှန်ရရှိရေးကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များအနေဖြင့် အချင်းချင်းစာရင်းကောက်ရာတွင် ကွဲလွဲမှုမရှိစေရေးနှင့်စာရင်းအမှန်ကိုက်ညီမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ကြောင်းသိရသည်။
အခမ်းအနားတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူဦးရေအိမ်ထောင်စုစာရင်းအမှန်ရရှိရေးကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမည့် အဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးစာရေးများနှင့်အဖွဲ့ဝင်များမှ စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရရှိစေရန် နိုင်ငံသားမှတ်ပုံတင်များရှိ/မရှိ၊ အိမ်ထောင်စုစာရင်းထဲတွင်လူဦးရေ အတိုး/အလျှော့ ရှိ/မရှိ ၊မွေးစာရင်း နှင့်သေဆုံးသည့်စာရင်းကိုက်ညီမှုရှိ/မရှိ၊ အပြောင်းအရွှေ့ရှိ/မရှိတို့ကို စနစ်တကျစိစစ်ပေးရန်လိုကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က စာရွက်စာတမ်းများအား စာရင်းကောက်ယူမည့်အဖွဲ့များထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းကျင်(ခရိုင်၊ ပြန်/ဆက်)