၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ပါမိုင်ဘောလုံးအသင်းနှင့် မီးသတ်ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားရာ ပါမိုင်အသင်းက  အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲတွင် ရှေးဦးစွာ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး ဘောလုံးပြိုင်ပွဲတစ်လျှောက်တွင် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုများကိုလည်းကောင်း၊ ဒုတိယဆုရမီးသတ် အသင်းကို ငွေသားဆုငွေ ကျပ်(၃)သိန်းနှင့် ဒုတိယတံခွန်စိုက်ဒိုင်းဆုဖလားကို လည်းကောင်း၊ ပထမဗိုလ်စွဲသည့် ပါမိုင်အသင်းကို ပထမတံခွန်စိုက်ဒိုင်းဆုဖလားနှင့် ငွေသားဆုငွေကျပ်(၅)သိန်းနှင့် အာခါလူငယ်အသင်းမှ တတိယဆုငွေသားဆုငွေကျပ် (၁)သိန်းကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် တာဝန်ရှိသူများတို့က အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း(၁၂)သင်းပါဝင်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး