မိုင်းယောင်း၌ ဆုပေးပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ

ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယောင်းခရိုင်မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ နာရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို အမက(ဝမ်ဘန်း)မှ ကျောင်းသားကျောင်းသူလေးများကဗာရာဏသီသီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အမက(ဝမ်ဘန်း)မှပြည်ထောင်စုအင်အား အလက(တပ်တွင်း)မှထာဝရသစ္စာသီချင်းနှင့် အထက(မိုင်းယောင်း)မှစည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းများဖြင့် သီဆိုကပြခဲ့သည်။

နန်းပန်(ပြန်/ဆက်)