မိုင်းငေါ့မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပ

မိုင်းငေါ့ ဇန်နဝါရီ  ၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အမှတ်(၂) မန်လုံရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းခဲ့ပါသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အာလူး‌ကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ပုံးရိုက်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ဖိနပ်ရွေးပြိုင်ပွဲ၊ ပူပေါင်းထိုင်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲ ၊ ပင်ပေါင်ဇွန်းကိုက်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်သွားရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများမှ‌ ပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)