မိုင်းပန် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးတွင် အသုံးပြုရန်အတွက် Hospital PPE ၊ အဝတ် Mask နှင့် Hand Sanitizer များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန် ရှိသူတို့မှ ဝန်ထမ်း (၃၉)ဦးအတွက် ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ခံခြင်း၊ ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ရရှိနိုင်ရေးမြေပြင် ကွင်းဆင်းတိုက်ဆိုင်စေခြင်းအပြင် မြို့ဝင်/မြို့ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် နေ့စဉ်နှင့်အမျှ တာဝန်ယူဆောင်ရွက် နေရသည့်အတွက် ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ Hospital PPE(၂၃)စုံ၊ အဝတ် Mask (၃၉) ခုနှင့် Hand Sanitizer 4L (၁)ဗူး၊ 500L (၂)ဗူး တို့အား တာဝန်ရှိသူတို့မှ ထပ်ဆင့်ပေးအပ်ခဲ့ကာ ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)