ကျိုင်းတုံ ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)တို့ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၀ ဦးအားယမန်နေ့က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့်တာဝန်ရှိသူများ ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် နိုင်ငံခြားသားအကျဉ်းသား(၁၀)ဦး၊ အကျဉ်းသူ(၂)ဦးနှင့် နိုင်ငံသားအကျဉ်းသား(၄၃)ဦး၊ အကျဉ်းသူ(၅)ဦး စုစုပေါင်း(၆၀)ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)