တပ်ကုန်း ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ဦးစွာ အလံတင်မင်္ဂလာအခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြပြီးနောက် နံနက် ၇ နာရီအချိန်တွင် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုတမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်