မိုင်းပန်မြို့နယ်၊ ပိန်းလုံကျေးရွာသွား လမ်းအသစ်ဖောက်လုပ်မည့် နေရာသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေး

မိုင်းပန်  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံကျေးရွာသစ်၌ နေထိုင်ကြသော ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဖောက်လုပ်မည့် မြေသားအသစ်ဖောက် လုပ်မည့်နေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါနေရာသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိ ရသည်။

မြေသားလမ်းအသစ် ဖောက်လုပ်ခြင်းလုပ်ငန်းအား  ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ(ပြင်/ထိန်း) ခွင့်ပြု ငွေဖြင့် အရှည် (၁)မိုင်ခွဲ၊ အကျယ်(၃၀)ပေ မြေသားလမ်းဖြစ်ပြီး မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာရန်ပုံငွေ ရရှိမှုပေါ် မူတည်၍ တာဝန်ယူဖောက်လုပ် ပေးသွားမည်ဖြစ်သည်။ အဆိုပါမြေသားလမ်းဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူ တို့သည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့  ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး  ယခင်ထက် ဒေသ ထွက်ကုန်များ ရောင်းဝယ်ဖောက် ကားလာနိုင်သည့်အပြင်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပိန်းလုံကျေးရွာ သစ်သည် အိမ်ခြေ(၈၀)၊ အိမ်ထောင်စု(၈၀)စု၊ လူဦးရေ ကျား (၁၀၆) ဦး၊ မ(၁၃၁)ဦး ၊ စုစုပေါင်း (၂၃၇)ဦးနေထိုင်လျက်ရှိ ကြောင်း သိရှိရသည်။

မိုင်းပန်(ပြန်/ဆက်)