ပုသိမ်ကြီး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲက စတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ ကျင်းပခဲ့သည်။
ပျော်ပွဲရွှင်ပွဲ အားကစားများ အနေဖြင့် မီတာ (၄၀၀)လက်ဆင့်ကမ်းပြေး၊ မီတာ(၁၀၀)သုံးချောင်း ထောက်ပြေး၊ ထုပ်ဆီးတိုး၊ လွန်ဆွဲပွဲ၊ မုန့်စားပြိုင်ပွဲ၊ စကောရွက်နှင့် အပ်ထိုးပြိုင်ပွဲများကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလင်းထက်မြင့်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် မော်ကွန်းထိန်းထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်