မိုင်းခတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်(၇)နာရီ အချိန်ကစတင်၍ မြို့နယ်အားကစားကွင်း(မိုင်းခတ်)တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ်ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲ၊ မီနီမာရသွန်၊ မီတာ(၅၀)အပြေးပြိုင်ပွဲ (ကျား/မ)၊ မီတာ(၁၀၀)သုံးချောင်းထောက်ပြိုင်ပွဲ (ကျား/မ)၊ အုန်းသီးရိုက်ပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူစီးပေါင်းဖေါက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများကို ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားကြသည်။
ဆက်လက်၍ အားကစားပြိုင်ပွဲ ဆုရရှိသူများကို ယနေ့ညနေ(၃)နာရီအချိန် ရွှေချယ်ရီဦးဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်