နမ့်ဆန် ဇန်နဝါရီ ၄
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့ပေါ်လက်ဖက်အစိုစက်ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန့်ဇော်မိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကင်းဝေးစေရန်အတွက် နမ့်ဆန်မြို့နယ်၊ မြို့ပေါ်လက်ဖက်အစိုစက်ရုံတွင် တပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများ မီးခလုတ်များအား စစ်ဆေးခြင်း၊ မီးစက်များအသုံးပြုပါက စနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို အသုံးပြုရာတွင် စနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ မီးခလုတ်များအား အသစ်လဲလှယ်အသုံးပြုရန်၊ လောင် ဆာဆီသိုလှောင်မှုများအား စစ်ဆေးခြင်း အမှိုက်များစနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီး ဖယောင်း တိုင်မီးကို စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဗူးများကို ကြိုတင်ကာကွယ်ထားရှိပြီး မီးချိတ်မီးကတ်များ သဲပုံးရေပုံးများ ထားရှိခြင်း စသည့်မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)