မက်မန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show) ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက် ထောက်ညွှန်ကြားရေးမှူး)က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး)က မြေပြင်ကွင်ယူရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးဇော်လင်း၊ (မြို့နယ်ဦးစီးမှူး)က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့၏ ပြင်ဆင်ထားရှိမှု၊ မြေပြင်ကွင်းဆင်းကောက်ယူအဖွဲ့၏ လက်တွေ့ ကောက်ယူရမည့် အချက်အလက်များအား ဆွေးနွေးခြင်း၊ ဦးမင်းသူ (ဒုတိယဦးစီးမှူး)က ကွင်းဆင်းရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကော်မတီ၏ အဆင့်ဆင့်၏ လုပ်ငန်းစဉ်များ၊ စာရင်းကောက်ရာတွင် ပါဝင်မည့် အချက်အလက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show) ရိုက်ကူးခြင်း အစီအစဉ်ကို မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် မက်မန်းခရိုင် We Love Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)