မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မန်တုံ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား မြို့မအားကစားကွင်းတွင် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈:၃၀) နာရီအချိန်က ထုပ်စည်းတိုးပြိုင်ပွဲကို အလယ်တန်း၊ အထက်တန်းအဆင့် အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုပ်စည်းတိုး ရိုးရာအားကစားပြိုင်ပွဲတွင် ဒိုင်အဖွဲ့မှ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ဦးစွာရှင်းလင်း ပြောကြားပြီး အ.ထ.က၊ အမှတ်-၂ အ.လ.က(ခွဲ)၊ အ.ထ.က.(ခွဲ)လွယ်ကန် ကျောင်းမျာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများအား ရိုးရာအားကစားများ မမေ့ကြစေရန် ရိုးရာအားကစား ပြိုင်ပွဲများကျင်းပရခြင်းဖြစ်၍ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် ယှဉ်ပြိုင်ကစားကြရန်  ပြောကြားခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် မီတာ ၅၀၊ မီတာ၁၀၀၊ မီတာ ၂၀၀ အပြေး၊ အာလူးကောက်၊ အိတ်စွပ်ပြေး၊ မုန့်စား၊ ထုပ်စည်းတိုး၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက် အစရှိစသည့် ပြိုင်ပွဲများအား ဇန်နဝါရီလ ()ရက်နေ့အထိ ဆက်လက်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ