မုဒုံ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းဇော်မှ ကမာဝက်နယ်မြေ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးရှိ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကုသရေး ကာလအတွင်း မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် ကမာဝက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအားလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား သိရှိလိုက်နာ ဆောင်ရွက်နေထိုင်သွားကြရန် မှာကြားပြီး ရဲတပ်ဖွဲ့ဝင် (၂၈) ဦးတို့အတွက် (၁) ဦးလျှင် ဆန်(၁)တင်း၊ ဆီ(၁)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)