မြစ်သားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မြစ်သား   ဇန်နဝါရီ   ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်သား မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျောင်းပေါင်းစုံ၊  မြို့နယ်အတွင်းရှိ ရပ်ကွက်၊  ကျေးရွာပေါင်းစုံ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊  အပြေးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ စားပွဲ တင်တင်းနစ်ပြိုင်ပွဲ၊ ရိုးရာအားကစား ပြိုင်ပွဲများ ဖြစ်သည့် အိပ်စွပ်ပြေး၊ ဗန်းရွက်၊  ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အားလူးကောက်၊ သံပရာကိုက်နှင့်လွန်ဆွဲ  ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လမ်းခွ(က)အသင်း၊ ရွာခိုင်ကြီး(က)အသင်း၊မြို့မ(က)အသင်း၊ နွားလျှာရိုးအသင်း၊ မြို့မ(ခ) အသင်း၊ လမ်းခွ(ခ)အသင်း၊ ရွာခိုင်ကြီး(ခ)အသင်း၊ အ.ထ.က-၁ (မြစ်သား) အသင်းများယှဥ်ပြိုင်ကြပီးဆုရရှိသူများနှင့်ဘောလီဘောပြိုင်ပွဲတွင် ရစ်ကန်အသင်း၊ မင်းဝံအသင်း၊ ရွာခိုင်ကြီး  (က)အသင်း၊ မင်းလယ်အသင်း၊ လမ်းခွ(က)အသင်း၊ ရွာခိုင်ကြီး(ခ)အသင်း၊ လမ်းခွ (ခ)အသင်း၊အ.ထ.က-၁ (မြစ်သား) အသင်းများမှ  ဆုရရှိသူများကို  မြစ်သားမြို့နယ်တွင်ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)