ပင်းတယ ဇန်နဝါရီ ၃
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်းသိရသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၈-၁၂-၂၀၂၂ ရက်နေ့မှ ၄-၁-၂၀၂၃ ရက်နေ့အထိ ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိင်ပွဲ၊ အလွတ်တန်းအမျိုးသား ဘိလိယက်နှင့်စနူကာပြိုင်ပွဲ၊ မြန်မာ့ရိုးရာဝိုင်းခြင်းခတ်ပြိုင်ပွဲများကို ယှဉ်ပြိင်ကျင်းပမည်ဖြစ်ပြီး ဆုရအားကစားသမားများအား (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ဆုများကိုအသီးသီးချီးမြှင့်ပေးသွားမည်ကြောင်းလည်း သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)