မိုင်းယောင်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ သက်တော်(၇၆)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲကို ယမန်နေ့က အဆိုပါကျောင်းတိုက်၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်၏ သက်တော် (၇၆)နှစ်ပြည့်ဝါတော်(၅၆) ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲတွင် ဗုဒ္ဓခြေတော်ရာကျောင်းဆောင်၊ ရှင်ဥပ္ပဂုတ်စံကျောင်းတော် ရေစက်ချအလှူမင်္ဂလာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများလည်း ကျင်း ပပြုလုပ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း