ဗန်းမော် ဇန်နဝါရီ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခန့်က စတင်၍ ကျင်းပလျက် ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ အမျိုးသား လွန်ဆွဲပြိုင်ပွဲအသင်း (၈) သင်းနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲအသင်း (၈)သင်းကလည်းကောင်း၊ မြို့နယ် အဝေရာအားကစားခန်းမဝန်း အတွင်း၌ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အသင်း (၁၀) ကလည်းကောင်း၊ ညောင်ပင်ရပ်ကွက်၊ မန်ချက်စတာဖူဆယ်ကွင်းတွင် ဖူဆယ်အားကစားအသင်း (၁၉) သင်းတို့ကလည်းကောင်း အကျိတ်အနယ်ယှဉ်ပြိုင် ကစားလျက်ရှိပြီး အဆိုပါဖူဆယ်အားကစားကွင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ နေ့လယ် ၁ နာရီတွင် အဝေရာအားကစားခန်းမ၌ အမျိုးသမီး ထုပ်ဆီးတိုးအားကစား ပြိုင်ပွဲကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ဆင်ကုန်းရပ်ကွက်တွင် ကြက်တောင်ရိုက်အားကစား ပြိုင်ပွဲကိုလည်းကောင်း၊ ညောင်ပင်ရပ်ကွက်တွင် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲများတွင် အနိုင်ရရှိသည့် ပြိုင်ပွဲဝင် အသင်းများက ဇန်နဝါရီ(၄)ရက်နေ့တွင် ဗိုလ်လုပွဲကစားကြမည်ဖြစ်ပြီး အနိုင်ရရှိသည့် အသင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်