မိုင်းတုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ် (working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်(working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ယခုဆိုလျှင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့မှစ၍ ရက်ပေါင်း (၂၃)ရက်အတွင်း ဆောင်ရွက်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် တာဝန်တွေကိုယ်စီကိုယ်စီပေးအပ်လိုက်ပြီးဖြစ်သောကြောင့် တာဝန်ပေးခံရသည့်သူများကလည်း စာရင်းဇယားများကို အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်သည့်အချိန်တွင် စာရင်းများမှန်ကန်မှုရှိစေရေးနှင် ကွက်လပ်များ မကျန်စေရေးတို့ကို အထူးအလေးထား၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြစေလိုကြောင်း၊ ကွင်းဆင်းချိန်တွင်လည်း အခက်အခဲများရှိပါက အချိန်နဲ့တစ်ပြေးညီ တင်ပြဆောင်ရွက်သွားစေလိုကြောင်း အစရှိသည်တို့ကို အမှာစကား ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်(working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ရေးတာဝန်များကို ခရိုင်(working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်ကလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းမြင့်ထွန်း ကလည်းကောင်း၊ ခရိုင်အတွင်းရေးမှူးဦးလှအေးကလည်းကောင်း၊ မြို့နယ်(working group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးလွင်မိုးကလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်ကလည်းကောင်း၊ အတွင်းရေးမှူး ဦးအောင်အောင်ထွန်းကလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ တာဝန်ပေးခံရသူများမှ အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)