မိုးကုတ်မြို့နယ်၌ (၇၅)နှစ်မြောက်၊စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ များကျင်းပ

မိုးကုတ်  ဇန်နဝါရီ  ၂

မန္တလေးတိုင်း‌ဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို မြို့နယ်ားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြုလုပ်ဆောင် ရွက်လျက်ရှိရာ ယ‌နေ့နံနက်(၉)နာရီက မိုးကုတ်မြို့၊ ပတ္တမြားမြေ(မိုးလုံလေလုံ) အားကစားခန်းမတွင် တင်းနစ်ပြိုင်ပွဲ ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိသည်။

မိုးကုတ်မြို့နယ်တွင်   ၂၀၂၃- ခုနှစ် ၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှ ၂၀၂၃-ခုနှစ်၊ဇန်နဝါရီလ(၃)ရက်‌‌နေ့အထိ  ပြေးခုန်ပစ်ပြိုင်ပွဲ၊ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ  ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်‌ တောင်ရိုက်ပြိုင်ပွဲ၊ တင်းနစ်နှင့်စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို  ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများတွင်  ဆုရရှိသည့် အားကစားသမားများ၊ အသင်းများအား မိုးကုတ်မြို့နယ်တွင် ကျင်းပမည့်  ၂၀၂၃-ခုနှစ်၊(၇၅)နှစ်မြောက် ၊  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌  ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

နန်းခွာညိုနှင်း(ပြန်/ဆက်)