မိုင်းယု ဇန်နဝါရီ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာကပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများနှင့် လွတ်လပ်ရေးနေ့သမိုင်းကျဉ်းအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ရာ အခြေခံပညာအထက် တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင် ကြသည်။
ယှဉ်ပြိုင်မှုအပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ပထမဆုရရှိသူ မမေထက်ထက်အောင်(Grade-3)၊ ဒုတိယဆုရရှိသူ မနန်းကျမ်းအွမ် (Grade-3)၊ တတိယဆုရရှိသူ မဆုရတီဖြိုး(Grade-3) တို့နှင့်အတူ နှစ်သိမ့်ဆုများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူတို့ကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်တို့အားပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ပေးခဲ့ ကြကြောင်း သိရသည်။
ကိုကိုနိုင်