တောင်ဥက္ကလာပမြို့နယ်တွင် Working Group မြေပြင်တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ဥက္ကလာပ  ဇန်နဝါရီ    ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (Working Group )မြေပြင်တစ်အိမ်တက်ဆင်း မဲစာရင်း‌ကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားရာ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိကြရန်၊ မြေပြင်စာရင်းကောက်ယူရာတွင် အခြားသောအခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန်စသည်ဖြင့် အကြံပြုမှာကြားခဲ့ပါသည် ။       

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးဦးညွှန့်ဦးမှ မဲစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်အဆင့်ဆင့် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းမြို့ကြွယ်(ပြန်/ဆက်)