မိုင်းတုံမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းတုံ ဇန်နဝါရီ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်‌‌ ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို ၂၀၂၃ခုနှစ်၊ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာသင်ကျောင်းများသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၂ရက်နေ့ (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့‌ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင်၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်၊ လွတ်လပ်ရေး၊ “စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်” စသည်များနှင့် ဆောင်ပုဒ်များ၊ ကာတွန်းများ စသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)