ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ပေါက်တော  ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး(၇၅ )နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပေါက်တောမြို့နယ် လူထုအခြေ ပြုဗဟိုဌာန Community Centre ၌ကျင်းပခဲ့သည်။

အဆိုပါ (Talk Show)တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်တင်တင်စိန်ကလွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်ပညာရေးဦးစီးဌာန၊ ဝါးလမ်းကုန်းအလက(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်းက  မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးကို ထိန်းသိမ်း နိုင်ဖို့အတွက် နိုင်ငံသားများတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုး သားစိတ်ဓာတ်ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ထောင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေး​ပြောကြားသည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ရုံးနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့်အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံ ကို ပေါက်တောမြို့နယ်ပြည့်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းမင်းစိုး (ပြန်/ ဆက်)