ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်

ကျောက်မဲ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှူးရုံးတွင် ယနေ့နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား/သူများအား တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးစောင့်ရှောက်ရေးတာဝန်အပြင် နိုင်ငံတော်အတွက် အရေးကြုံလာပါက လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရေး အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် မီးသတ်ပညာရပ်၊ အသက်ကယ်ဆယ်ရေးဘာသာရပ်နှင့် စစ်ပညာဘာသာရပ်များကို  သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ယနေ့မှ  ဇန်နဝါရီ ၂၇ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ သီပေါ၊ နောင်ချို မြို့များတွင်လည်း  အလားတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းများကို  ဖွင့်လှစ်‌‌ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)