ပျော်ဘွယ် ဇန်နဝါရီ ၂
ရှေးဦးစွာ မင်္ဂလာအချိန်တွင် ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ယနေ့အချိန်တွင် နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီလိုက်ပါဆောင်ရွက် ရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့မှုအား ရှင်းလင်းဆွေးနွေးသည်။
ငန့်ဇင်းကျေးရွာအတွင်း ခင်းကျင်းခဲ့သည့်ကွန်ကရစ်လမ်း အရှည်ပေ(၇၅၀)၊ အကျယ်(၁၂)ပေ (၆) လက်မအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာ ပြည်သူထည့်ဝင်လှူဒါန်း ငွေကျပ် သိန်း(၈၀)ကျော်၊ စုစုပေါင်းငွေကျပ်သိန်း(၁၈၀) ကျော်ဖြင့်ခင်း ကျင်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာနှစ်ရွာမှပြည်သူ (၁၀၀၀)ဦးကျော်ခန့် နေ့စဉ်အသုံးပြုနိုင်မည်ဖြစ် ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)