ဒဂုံမြောက် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ T.T.O ငွေရတုခန်းမတွင် T.T.O Co,Ltd မှ တစ်ဦးတည်းအကုန်အကျခံဆောက်လုပ်လှူဒါန်းသော T.T.O ငွေရတုခန်းမ နှစ်ထပ် အဆောက်အဦးသစ် ဖွင့်ပွဲအကြိုနှင့် ၂၀၂၃ ခုနှစ် နှစ်ဦးအကြို အသံမစဲမဟာ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို အဆိုပါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အသံမစဲမဟာ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များမှ နမောဒဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်အနားကိုဖွင့်လှစ်ပေးပြီး မြို့နယ်သံဃာ့မဟာနာယကအကျိုးတော်ဆောင် ပညာရာမပရိယတ္တိအကျိုးတော်ဆောင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူတော်မူကြပြီး ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ကြပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ ကျေးဇူးတင်စကားပြောကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ (၃၆)ရပ်ကွက် ဗုဒ္ဓအနတ္တဓမ္မဝတ်အသင်းမှ ပဋ္ဌာန်းသံဆန်းကဗျာများဖြင့် ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် အနုမောဒနာဂါထာကို ပညာရာမပရိယတ္တိစာသင်တိုက် ဆရာတော်အရှင်ဝိသာလမှ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုအစုစုတို့ဖြင့် ဆက်ကပ်လှူဒန်းခဲ့ကြပြီး လှူဖွယ်ဝတ္တုအစုစုတို့အတွက် မြို့နယ်သံဃမဟာနာယကအဖွဲ့ဝင် အောင်ချမ်းသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတဆရာတော်ကြီးမှ ရေစက်ချအနုမောဒနာတရားချီးမြှင့်၍ နတ်ဗြဟ္မာများအား ပညာရာမပရိယတ္တိ စာသင်တိုက်မှ အရှင်ကုမာရမှ ပြန်လည်ပို့ဆောင်ကာပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြကြောင်းသတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)