မင်္ဂလာဒုံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေ

မင်္ဂလာဒုံ ဇန်နဝါရီ ၂

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးအကြောင်းသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုန်​မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာမြင်းမူမောင်နိုင်မိုးရေးသားသည့် “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်” ကဗျာနှင့် စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နှင့်  လှထွဋ်ဦး၏ ကာတွန်းတို့ပါဝင်ကြောင်းလည်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်များကို နေပြည်တော်(ရုံးချုပ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (အခမဲ့)ထုတ်ဝေလျက်ရှိပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများလက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြတ်သူဇာ(ပြန်/ ဆက်)