တွံတေး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်တော်ယာဉ်များတွင် စတေကာကပ်ခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက မင်းပိုင်းရပ်ကွက်၊ ကျောက်တိုင်လမ်းဆုံ၊ ဘုရားငုတ္တို(တ)ကျေးရွာအုပ်စု၊ ဘုရားငုတ္တိုလမ်းဆုံ(တွံတေး-ဒလ-လှိုင်သာယာကားလမ်းဆုံ)နှင့် ကုလားတန်းကျေးရွာ၊ တွံတေး-မအူပင်လမ်းဆုံတို့၌ ဖြတ်သန်း သွားလာ၊ ရပ်နားထားသော မော်တော်ယာဉ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာကပ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစတေကာများကပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုတအောင်၊ မြို့နယ်ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မီးသတ်၊ လုံခြုံရေးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတစ်ကာများအား မော်တော်ယာဉ်များတွင် ကပ်ပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား