ဒလမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ဒလ ဇန်နဝါရီ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၅)နှစ်အောက်အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ဆာပါချောင်ရပ်ကွက်ရှိ သုခနဒီဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမပွဲစဉ်အဖြစ် တပင်ရွှေထီးအသင်းနှင့် ကျန်စစ်သားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၅ ဂိုး-၂ ဂိုး)နှင့် တပင်ရွှေထီးအသင်းကအနိုင်ရရှိကာ တတိယဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် စက်မြေအသင်းနှင့်(၆)နံပါတ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ (၂ဂိုး-၃ ဂိုး)ရလဒ်ဖြင့် စက်မြေအသင်းက ဒုတိယဆုရရှိခဲ့ပြီး ပထမဆုကို (၆)နံပါတ်အသင်းမှ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ဗိုလ်လုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနမှ ဦးစီးအရာရှိဦးအောင်နိုင်မိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရမှတာဝန်ရှိသူများ၊ အားကစားချစ်မြတ်နိုးသူပရိသတ်များ တစ်ခဲနက်လာရောက်အားပေးခဲ့ကြသည်။ ထို့နောက် အနိုင်ရရှိသောအားကစားအသင်းများကို ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြင့်ဇော်(ပြန်/ဆက်)