မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို  အသိပညာပေး(Talk Show) ကျင်းပပြုလုပ်

မိုင်းလုံ ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်းလုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို  အသိပညာပေး (Talk Show)အစီအစဉ်ကို  ယနေ့နံနက် (၁ဝ)နာရီအချိန်ခန့်က မိုင်းလုံမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုဝင်းက လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ဆွေးနွေးပြောကြားခဲ့သည်။

Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  လစဉ်ဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းလုံမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းထံက သိရသည်။

ဇော်ဇော် (ပြန်/ဆက်)