(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဘက်ဆုံသုံးအဆောက်အဦးဖွင့်ပွဲအခမ်းအနား

ရပ်စောက်   ဒီဇင်ဘာ   ၃၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဘက်စုံသုံးအဆောက်အဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့န့နက်(၁၀:၀၀)နာရီက အဆိုပါကျေးရွာအဆောက်အအုံ၌ ကျင်းပခဲ့သည်။

အဆိုပါဘက်စုံသုံးခန်းမသည် အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၁)ပေ၊ အုတ်ညှပ်၊ တစ်ထပ်အဆောက်အဦးဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူထည့်ငွေကျပ်သိန်း(၈၀)ဖြင့် အကုန်ကျခံကာဆောက်လုပ်ခဲ့ပြီး အရေအသွေးပြည့်မီစေရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာဆိုင်ရာအကြီးအကဲများတတ်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု နောင်ခမ်းကျေးရွာတွင် အိမ်ခြေ(၁၃၃)အိမ်၊ အိမ်ထောင်စု(၁၃၃)စု၊ လူဦးရေ(၆၀၂)ဦး နေထိုင်လျက်ရှိပြီး ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုကြောင့် ပြည်သူများကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော အစည်းအဝေးပွဲများ၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးလုပ်ငန်းများ ကျင်းပပြုလုပ်သည့်အခါ အဆိုပါဘက်စုံသုံးခန်းမတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)