ဗဟန်းမြို့နယ်၌ ဒီဇင်ဘာ‌ (နောက်ဆုံးအပတ်) လူထုအာကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဒီဇင်ဘာ (နောက်ဆုံးအပတ်) လူထုအားကစားလှုပ်ရှားမှု လမ်းလျှောက် ပွဲကို ယနေ့ နံနက် ၅ နာရီခွဲတွင် ကျင်းပရာ ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စုရပ်ပြုလုပ်၍ စတင်ချီတက်လမ်းလျှောက်၍ အနောက် ရွှေဂုံတိုင်ရပ်ကွက်၊ ဗိုလ်စိန်မှန်အကစားကွင်း တစ်လျှောက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း စုစုပေါင်းအင်အား (၂၀၀)ကျော်ဖြင့် စုပေါင်း လမ်း‌‌လျှောက်ကြသည်။

အဆိုပါ လမ်းလျှောက်ရာတွင် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်‌နေ ပြည်သူများက အားကစားကိုယ်လက်လှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ခဲ့ကြပြီးနောက် အကြော လျှော့ လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)