ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ဥတ္တရသီရိ  ဒီဇင်ဘာ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

 အဆိုပါ (Talk Show)တွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံသားများတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားစိတ်ဓာတ်ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေး  စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အပြည့်အစုံကို  We Love Ottarathiri Facebook Pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ ဆက်)