ညောင်ဦး ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု စတုတ္ထပတ်လမ်းလျှောက်ခြင်းကိုယနေ့နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့နယ်ပြည်သူ့ အားအားကစားကွင်းအတွင်း ဘောလုံးကွင်းအားပတ်၍ စုပေါင်းလမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းအား ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ ညောင်ဦးမြို့၊ ပြည်သူ့အားက စားကွင်းအတွင်း ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းသူအသင်းသားများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင်လမ်းလျှောက်ခဲ့ကြကာ ဘောလုံးကွင်းအတွင်း ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းအတွဲ-၁၊ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းအတွဲ-၂တို့အား စုပေါင်းပြုလုပ်ခဲ့ကြပြီး အကြောလျှော့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်ကြရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၃၅၂)တို့ ဖြင့်စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ (ပြန်/ ဆက်)