မိုင်းယောင်းမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမကြီးများအား သက်ဆိုင်ရာလုပ်ငန်းများတွင် စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဒုတိယအကြိမ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မန်နေ့ နံနက် နာရီခွဲက ခရိုင်ပညာ ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများအနေဖြင့် ပြည်ထောင်စုဝန်ကြီး နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့၏ မှာကြားခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန်ချက် များကို ထပ်ဆင့်ရှင်းလင်းပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့မြို့နယ်အတွင်း အောင်ချက်ရာခိုင်နှုန်းကောင်းမွန်စေရေး ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းစေရေး၊ ဆရာ ဆရာမများ၏ စာသင်ကြားမှုအခြေအနေနှင့် ကျောင်းသားကျောင်းသူများ ပညာရေးတိုးတက်ရေးကို အစဉ်မပြတ် လေ့လာကြည့်ရှုရေး စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း က သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဘာသာရပ်များကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းစီဖေါင်း(ပြန်/ဆက်)