စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပ

စမ်းချောင်း  ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အားကစားပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား  ရှင်းလင်းပြောကြားပြီး ကျောင်းသား မိဘများ ကျောင်းအကျိုးတော်ဆောင်များက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ သည့် ကျောင်းသားကျောင်းသူများကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း အားကစားပြိုင်ပွဲများအဖြစ် ကျောင်းသားကျောင်းသူများက ဂုံနီအိတ်စွပ်ပြေးပွဲ စကောရွက်ပြိုင်ပွဲ အာလူးကောက်ပြိုင်ပွဲ အစရှိသည့် အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းစုံညီပွဲတော်တွင် အသီးသီးဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘ များက စတုဒီသာဖြင့် ‌ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

နီလာစိုး