မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တတောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အောင်ဆန်း အားကစားကွင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား၊ အလွတ်တန်းရပ်ကွက်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒိုင်အဖွဲ့ဒိုင်ချုပ်မှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းရပ်ကွက်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်းစုံမှ အသင်း (၁၂)သင်း၊ ရပ်ကွက်(၂၀)ရပ်ကွက်အတွင်းရှိ ဝါသနာရှင် အားကစားသမားများမှ အသင်း(၁၂)သင်းအလိုက် အုပ်စု(၄)အုပ်စုဖွဲ့၍ ဒီဇင်ဘာလ (၃၀)ရက် နေ့မှ ဇန်နဝါရီ (၄) ရက် နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)