မတ္တရာမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

မတ္တရာ   ဒီဇင်ဘာ ၃၀

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို  ဒီဇင်ဘာလ ၃၀ ရက်နေ့က မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက်ပိုင်းတွင် ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများကို လက်ဆောင်ပစ္စည်းများပေးခဲ့သည်။

အလားတူ ကဗျာရွတ်ပြိုင်ပွဲကို နေ့လယ် ၁ နာရီတွင် ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။

စိုးကျော်သူထွေး(မတ္တရာ)