တွံတေး ဒီဇင်ဘာလ ၃၀
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမိနစ် ၃၀ က တွံတေးမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အောင်ဆန်းသူရိယအေးချို မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်ကအဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိပြီးအားကစားကဏ္ဍဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်းမှတစ်ဆင့် နိုင်ငံလက်ရွေးစင်ဘဝဖြင့် တိုင်းပြည်ဂုဏ်ဆောင်နိုင်သော အားကစားသမားများပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ကြရေးပြောကြားပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်းရွတ်ဆိုကြကာ ပြိုင်ပွဲအသင်းများ အားကစားခန်းမအတွင်းမှ ပြန်လည်ထွတ်ခွာကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ စတင်ယှဉ်ပြိုင်ကစားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၂)ဗိုလ်မှူးသုတအောင်နှင့် အတွင်းရေးမှူးရဲမှူးမျိုးဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို ရပ်ကွက်၊ ကျေးရွာများမှအသင်း(၁၀)က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကိုဒီဇင်ဘာ(၃၀)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့အထိ အားကစားပြိုင်ပွဲများအနေဖြင့် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများပါဝင်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူ နည်းပြ-နည်းစနစ်ဒေါ်ခင်လေးလွင်ထံမှ သိရှိရသည်။
တွံတေးသား