ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပ

ဒဂုံအရှေ့      ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အမှတ်(၁၁)အခြေခံပညာမူလလွန်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် ကျောင်းအုပ်ဆရာမကြီးများက အားကစားပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြား၍ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း အားကစားပြိုင်ပွဲများအဖြစ် ကျောင်းသား၊ ကျောင်းသူများက ဘောလုံးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ စာအုပ်ရွက်၊ ပူစီဖောင်းဖောက်၊ အိတ်စွတ်၊ ဂေါ်လီလုံးကောက်အစရှိသည့် အားကစားနည်းများကိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ကျောင်းစုံညီပွဲတော်တွင် အသီးသီးဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)