မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

မိုးညှင်း ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဆရာဆရာမများက မြကျွန်းညိုညို တေးသီချင်းဖြင့် ဖွင့်လှစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က မိုးညှင်းတက္ကသိုလ်၏ သမိုင်းကြောင်းကို လည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်များကိုယ်စား မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်မြင့်လှိုင်နှင့် သိပ္ပံဘာသာရပ်များကိုယ်စား ရူပဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးစိုးဦး တို့က တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။

ယင်းနောက် သင်တန်းရေးရာဌာနမှ ဌာနမှူးဒေါ်တင်လှအုန်းက သင်တန်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ သင်တန်းရေးရာဌာနမှ မော်ကွန်းထိန်း ဒေါ်တူးတူးခိုင်က သင်ကြား၊ စီမံဌာနမှူးများ၊ ပါမောက္ခဆရာ/ ဆရာမကြီးများနှင့် တစ်ဦးချင်းလိုက် မိတ်ဆက်ပြောကြားခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးက ကြိုဆိုပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသည့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခရိုင်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများအား ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း