တနိုင်း ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၏ ဒုတိယပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် အလံတင်အခမ်းအနားကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများကျင်းပ၍ ဆုချီးမြှင့်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် ဌာနဆိုင်ရာများအားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်သည်များ ပြန်လည်တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)